NEWS FEED Of STIMU


  • Home -
  • Industry Visit to Genius
research
  • 12,01,2023
Industry Visit to Genius
  • By Admin
  • news
  • 12,01,2023

Genius

STIMU မှာ အင်္ဂလန်စီးပွားရေးစီမံခန့်ခွဲမှု ဂုဏ်ထူးတန်းဘွဲ့ကို တက်ရောက်နေကြတဲ့ ကျောင်းသား၊ ကျောင်းသူများအနေနဲ့ အချိန်နဲ့အမျှ ဖြစ်ပေါ်နေတဲ့ အခြေအနေအရပ်ရပ်ရဲ့ ပြောင်းလဲမှုပေါ်မူတည်ပြီး လက်တွေ့လုပ်ငန်းကြီးများမှာ မည်ကဲ့သို့ တုံ့ပြန်ဆောင်ရွက်ရပုံများကို အမြဲမပြတ်လေ့လာကြရပါတယ်။ အဆိုပါ real-world experience များမှတစ်ဆင့် လေ့လာသင်ယူရသမျှ အတွေ့အကြုံများက ကျောင်းသား၊ ကျောင်းသူများရဲ့ ဘ၀တစ်သက်တာအတွက် အလွန်ပဲ အဖိုးတန်ပါတယ်။

ဒီတစ်ခါမှာတော့ ကျောင်းသား၊ ကျောင်းသူများက Genius Shan Highlands Coffee Factory ကို သွားရောက်လေ့လာခဲ့ကြပါတယ်။ 

ဒီလိုလေ့လာတဲ့နေရာမှာ ကော်ဖီစိုက်ခင်းများမှသည် စက်ရုံဆီသို့ အဆင့်ဆင့်ဆောင်ရွက်ကြရသည့် Supply Chain Systems ၊ ထုတ်လုပ်မှုပုံစံအဆင့်ဆင့်၊ သိုလှောင်သိမ်းဆည်းသည့်စနစ်၊ သယ်ယူပို့ဆောင်ရေးစနစ်၊ ဈေးကွက်ထိုးဖောက်မှုနှင့် အသင့်သောက်သုံးနိုင်သည့် ကော်ဖီဖြစ်လာသည်အထိ ပြုလုပ်ပုံအဆင့်ဆင့်ကို စိတ်၀င်စားဖွယ်လေ့လာကြရပါတယ်။ 

ပုံစံ၊ အရသာ၊ ထုတ်ပိုးမှုနှင့် မတူညီသည့် ကော်ဖီအမျိုးအစားများကို အမှတ်တံဆိပ်အမျိုးမျိုးဖြင့် ပြည်တွင်းမှာသာမက ပြည်ပနိုင်ငံများအထိပါ တင်ပို့ရောင်းချနိုင်သည်အထိ အောင်မြင်နေသည့် လုပ်ငန်းတစ်ခုကို လေ့လာခြင်းဖြင့် စာတွေ့သင်ယူသမျှနှင့် အကောင်းဆုံးချိတ်ဆက်လေ့လာနိုင်ကြတာကို တွေ့ရှိရပါတယ်။

ကဏ္ဍပေါင်းစုံမှာ စိန်ခေါ်မှုတွေပြည့်နှက်နေတဲ့ ယခုလိုအချိန်မှာ နိုင်ငံတကာအမှတ်တံဆိပ်၊ အရည်အသွေးများနဲ့ ယှဉ်ပြိုင်နိုင်စွမ်းအပြည့်ရှိတဲ့ မြန်မာ့ကော်ဖီကို ပြည်ပနိုင်ငံများသို့ တင်ပို့ရောင်းချနိုင်သည်အထိ အမျှော်အမြင်ကြီးမားပြီး စွမ်းဆောင်ရည်ကောင်းမွန်သော လုပ်ငန်းတစ်ခုကို လေ့လာခြင်းဖြင့် အဖိုးမဖြတ်နိုင်သော စီးပွားရေးအသိအမြင်များရရှိခဲ့ကြပါတယ်။ ဒါ့အပြင် ဒီလိုအကောင်းဆုံးရပ်တည်နိုင်ဖို့အတွက် လူ့စွမ်းအားအရင်းအမြစ်နှင့် အခြားCapacity တွေကို အကောင်းဆုံးစီမံခန့်ခွဲနိုင်ခြင်းသည်လဲ လေ့လာစရာများထဲက တစ်ခုဖြစ်ပါတယ်။

STIMU အနေနဲ့ ကျောင်းသား၊ ကျောင်းသူများကို စွမ်းဆောင်ရည်မြင့်မားပြီး လုပ်ငန်းခွင်၀င်ရန် အသင့်ဖြစ်နေတဲ့ ဘွဲ့ရမောင်မယ်များအဖြစ် အကောင်းဆုံးပြုစုပျိုးထောင်ပေးနေသလို ကြိုးစားရှေ့ဆက်နေကြတဲ့ လူငယ်လေးတွေရဲ့ ပုံရိပ်လေးတွေမြင်ရတာလဲ ရှေ့ဆက်ရမယ့် အားအင်တစ်ခုပါပဲရှင်...

#STIMyanmarUniversity

#Business

#Business_Degree

#Extracurricular_Activities

#IndustryVisit

News Feed

  • news

    Industry Visit to HAGL Myanmar Co.Ltd

    လုပ်ငန်းခွင်ဝင်‌ေရာက်ရန် အဆင်သင့်ဖြစ်သည့် အရည်ချင်းပြည့်ဝသူများဖြစ်စေရန်နှင့် စာတွေ့အပြင် လုပ်ငန်းခွင် အတွေ့အကြုံများပါ readmore
  • news

    Industry Visit to 2C2P

    စာတွေ့သာမက လုပ်ငန်းခွင် အတွေ့အကြုံများပါ ရရှိစေရန် STI Myanmar University မှ ဆရာမများနှင့်အတူ Engineering and Business readmore
  • news

    Industry Visit to PEB

    STI Myanmar University Yangon Campus မှ Engineering Major တက်ရောက်နေသောreadmore
  • news

    Industry Visit to Genius

    STIMU မှာ အင်္ဂလန်စီးပွားရေးစီမံခန့်ခွဲမှု ဂုဏ်ထူးတန်းဘွဲ့ကို တက်ရောက်နေကြတဲ့ ကျောင်းသား၊ ကျောင်းသူများအနေနဲ့ အချိန်နဲ့အမျှreadmore

Events

Welcome to STI Myanmar University

STI Myanmar University (STIMU), formerly known as STI Education, was founded in 2006 offering Diploma programs in teacher training, business management and English language. Today, it has grown to be one of the most respected & premier private academic institutions in Myanmar with over 2,500 students across 6 campuses in Yangon and Mandalay offering degree and diploma programs in Business, Finance, Health Science, Education and Engineering. STIMU is proud to be granted the first private education providers license by Myanmar Investment Commission (MIC) under the Ministry of Investment and Foreign Economic Relations in 2018. read more..

Scholarship Facility

Make the right choice : Prestige Myanmar University apply now..

Skilled Lecturers

STI faculty members are diverse with different cultural backgrounds from different parts of Myanmar and the world. read more..

Our Success Stories

most of the great success stories of the our university.read more..