Success Story | STIMU


  • Home -
  • Dr. Khin Sabal Maung
Success Story
course

  • 👨‍🎓 Student By : Dr. Khin Sabal Maung

STIMU ၏ MSc ( Public Health) ဘွဲ့ရ ကျောင်းသူ ဒေါက်တာ ခင်စံပယ်မောင်နှင့် တွေ့ဆုံခြင်း


STI Myanmar University နှင့်အင်္ဂလန်နိုင်ငံရှိ University of Bedfordshire ( UK) တို့ ပူးပေါင်းဖွင့်လှစ်သော ပြည်သူကျန်းမာရေး မဟာဘွဲ့ MSc ( Public Health ) ဘွဲ့ရ ဒေါက်တာ ခင်စံပယ်မောင်၏ ပညာသင်ကြားခြင်းအတွေ့အကြုံနှင့် ဘဝဖြတ်သန်းမူ အကြောင်း ကို အကြောင်းကို ယခုကဲ့သို့ မေးမြန်းထားပါသည်။

#မေး- မင်္ဂလာပါဒေါက်တာ ၊ ဒေါက်တာက STI Myanmar University မှာ MSc (Public Health) ဘွဲ့သင်တန်းကိုတက်ရောက်အောင်မြင်ထားတယ်လို့ သိရပါတယ် ။ ဒေါက်တာနာမည်ကို မိတ်ဆက်ရင်း STIMU ကို တက်ရောက်ဖြစ်တဲ့အကြောင်းလေးပြောပြပေးပါ။
*ဖြေ- ကျွန်မက ဒေါက်တာခင်စံပယ်မောင်ပါ။ ကျွန်မ ၂၀၀၈မှာ M.B.B.S ဘွဲ့ရပြီး တောက်လျှောက်ဘယ်ကျောင်းမှမတက်ဖြစ်သေးဘူး။ Public Health field ထဲမှာ (၉)နှစ်လောက်ကြာတော့ ဒီပလိုမာ သင်တန်းတစ်ခုတက်ဖြစ်တယ်။ Diploma in Research Study ဆိုတဲ့ တစ်နှစ်သင်တန်းလေးပါ။ Master ဘွဲ့မယူခင် အခြေခံလေး သိနိုင်မယ့် သင်တန်းလေးပါ။ အဲ့ဒီတုန်းက STIမှာ Public Health နဲ့ပတ်သက်ပြီး သင်တန်းတက်နေတဲ့ ဓီနီယာအက်ုိအစ်မတွေကိုမေးပြီး Join ဖြစ်သွားတာပါ။ ပြီးတော့ စံပယ်က knowledge extend လည်းလုပ်ချင်တယ်။ တက်တာကလည်း Public Health ပဲဖြစ်ရမယ်။ Part time လည်းဖြစ်ရမယ်။ ရှေ့က senior အစ်ကိုအစ်မတွေတက်ထားတာ ကိုလည်းမြင်တော့ အရမ်းအားကျစိတ်နဲ့ STI ကိုရွေးချယ်တက်ရောက်ခဲ့ပါတယ်။

#မေး- STIMU မှာ MSc (Public Health) ဘွဲ့ကို တက်ရောက်နေခဲ့တုန်းက အတွေ့ အကြုံတွေကိုပြောပြပေးပါဦး ဒေါက်တာ
*ဖြေ- ဟုတ်ကဲ့ ။အဓိကကတော့ Part-time ဖြစ်တဲ့အတွက် အလုပ်လုပ်ကျောင်းတက်ရင်းနဲ့ မဟာဘွဲ့ရသွားတယ် ။ ပြီးတော့ ကိုယ့်အလုပ်ကြောင့် ခရီးထွက်ရင်တောင် Power point တွေ၊ resourses ရတယ်။ သူငယ်ချင်းတွေဆိီက လည်း Audio recording ရှဲတယ်။ အဓိကကြိုက်တာက face to face သင်ကြားမူတွေပေါ့နော်။ Public Health က နာမည်ကြီး ဆရာမတွေရယ်၊ UOB က ဆရာတွေ၊ဆရာမတွေနဲ့ အများဆုံးထိတွေ့လို့ရတယ်။ ဟိုနိုင်ငံက module ဆိုပေမယ့်လည်း ဒီနိုင်ငံမှာ ဘယ်လိုပြန်ပြီး အသုံးချ ရမလဲဆိုတာကို သူတို့အတွေ့အကြုံနဲ့ ယှဉ်ပြီး ပြောပြပေးပါတယ်။ ကျောင်းက Time table လေးတွေပို့တယ်။ တစ်ပတ်တစ်ခါလောက် remind လုပ်ပေးတာတွေရှိတော့ ခရီးတွေဘာတွေရှိလို့ ကျောင်းရဲ့သင်တန်းချိန်မှာ တစ်ခုခု lecturer အနေနဲ့ ကိုယ်အတွက် အရေးကြီးရင်ချိန်လို့ရတယ်။ ကျောင်းမှာ ကောင်းတာက ဒီအပတ် ဘာtopics ဘယ်ဆရာဆိုတာ ကြို သိရတယ်။ ဥပမာ ဆရာကြီး ဥိးသန်းမြင့်ဆိုလည်း ကိုယ် Assignment ရေးတဲ့အချိန် ကိုယ့်အတွက် အရေးပါတဲ့ topics တွေဆို ဆရာကြီးနဲ့တွေ့ပြီး ဆွေးနွေးလို့ရတယ်။ ကျောင်းက Curriculum တွေကို UOB ကလုပ်ထားပြီးသား ၊ စံပယ်တို့ STI ကျောင်းသားတွေက UOB က website တွေမှာ ကျောင်းသား အကောင့်တွေရှိတော့ powerpoint လိုမျိုး ၊ သူတို့ additional တွေ ကို ဒီက ဆရာတွေက ဘယ်လို extent လုပ်ပြီးသင်တယ်ဆိုတာတွေကို တိုက်ရိုက်ကြည့်လို့ရတော့ အဲ့ဒါတွေ ကြိုက်ပါတယ်။ ပြီးတော့ နိုင်ငံခြားမှာ ဆေးပညာနဲ့ ပတ်သက်ပြီး ကျောင်းတက်ရင် Bachelor ပဲဖြစ်ဖြစ် Master ဖြစ်ဖြစ် Bio Statistics ရှိတယ်။ Statistics တစ်ခုကိုအရင်သင်ပေးတယ် ။ ဘာ research လုပ်သင့်တယ်။ basic Principal တွေအကုန်ပါတော့ မသင်ခင်ကတည်းက အရင် learn လုပ်လို့ရတယ်။ STI ကို တက်တော့ ဒီmodule တွေကြည့်တဲ့အခါ အဲ့ဒိဆက်ရှင်တွေပါတာမတွေ့တော့စိတ်ပူသွားပေမယ့် ကျောင်း က အရမ်းကောင်း တယ်။ dissertation လုပ်ရမှာ ကိုလည်း ကြိုသိလို့ဖြစ်မယ် လို့ စံပယ်ထင်တယ် ။ 1st year နဲ့ 2nd ပြီးချိန်ကျောင်း ပိတ်ရက်မှာ STI က Statistics ကို သင်ပေးတာပေါ့ ။ အဲ့ဒီမှာ ကိုယ်သိတာကတော့ ဟိုဘက် UOB မှာတောင် မသင်ပေးဘူးလို့ပြောတယ်။ ဒီဘက်မြန်မာကျောင်းသားတွေအတွက် သီးသန့်လုပ်ပေးတာမို့ ကျေးဇူးတင်ဖို့ကောင်းတယ်။ Statistics တွေကို နည်းနည်းစောပြီး Timing တွေသေချာချိန်ပေးနိုင်ရင် အကောင်းဆုံးပါပဲ။

#မေး-Public Health အပေါ် ဒေါက်တာရဲ့အမြင်ပေါ့ ။ ဘယ်လောက်ထိအရေးပါတယ်။ ဘယ်လောက်ထိအရေးကြီးတယ်လို့ ထင်လဲ ။
*ဖြေ- Public Health က အရမ်းကျယ်ပြန့်တယ်။ .ဒီ scope တစ်ခုထဲတင်မကဘူး။ပြီးတော့ သူက integrate လုပ်ရမှာတွေ အများကြီးရှိတယ်။ လူတစ်ယောက်ကို ကုလိုက်လို့ သူသက်သာရင် ချက်ချင်းမြင်ရသေးတယ်။ public Health ကျ ရွာတစ်ရွာကို ဒါလေး ပေးလိုက်လို့ ချက်ချင်း အသီးအပွင့်က မမြင်နိုင်ဘူး ။ စံပယ်က Save the children အတွက်အလုပ်လုပ်တာဆိုတော့ တစ်နှစ်လောက်နေမှ ငါးနှစ်အောက် သေဆုံးနှူန်းဘယ်လောက်နည်းသွားပါတယ်လို့ ။ အမေတွေက ကလေးမွေးတဲ့အခါမှာ Plan တွေကနည်းသွားပါတယ်တို့ ။ အဲ့လိုမျိုးတွေသိလာတာလေ။ ပြောချင်တာက နယ်က မိခင်တွေဆိုလည်း ဘယ်services တွေကိုဘယ်လိုယူရမလဲဆိုတာလည်း သေသေချာချာမသိဘူး။ သူတို့ဘဝတွေကိုက ရုန်းကန်နေရတော့ သေေ သချာချာ ဂရုမစိုက်ဘူး။ အဲ့ဒါကြောင့် တောတွေမှာတင်မကဘူး။ မြို့တွေမှာလည်း ဒီ ကျန်းမာရေးနဲ့ပတ်သက်ပြိး development agency က ဒီထက်မက အများကြီးတိုးတက်ရမှာ ။ အခု Master လေးကို နှစ်နှစ်လောက်တက်လိုက်ရလို့လည်းမလုံလောက်ဘူး။ အများကြီးလေ့လာရပါဦးမယ်။ နိုင်ငံကိုက သူ့ရဲ့ Strategic plans တွေရှိတယ်။ နိုင်ငံရဲ့ policy တွေရှိတယ်။ အဲ့ဒါတွေပြည့်မီဖို့ဆိုတာလည်း government sector တွေရော၊ Private sector တွေရောပေါင်းလုပ်မှရွေ့မှာ။ International standard ဆိုတာတွေလည်း သိဖို့လိုတယ်။ ကိုယ့်နိုင်ငံရဲ့ပေါ်လစီက ဘယ်အဆင့်ရောက်နေပြီလဲဆိုတာလည်း သိဖို့ လိုတယ်။ စံပယ်ဆိုလည်း ဘွဲ့့ရပြီးချိန်နဲ့ နာဂစ်ဖြစ်ချိန်နဲ့တိုးတော့ Public Health ထဲ မမျှော်လင့့်ပဲ ရောက်ခဲ့ တယ်။ ဒါပေမဲ့ ဒီfield ကအရမ်းကျယ်ပြန့်တော့ လေ့လာလို့ မကုန်နိုင်ဘူး။ နယ်မြို့လေးတွေ ၊ တကယ်ဒုက္ခရောက်တဲ့သူ တွေမြင်တဲ့ အခါ ကျယ်ကျယ်ပြန့်ပြန့် ကုသရေးရော ၊ ရောဂါမဖြစ်အောင် ကြိုတင်ကာကွယ်နိုင်ဖို့ မြို့ တစ်မြို့ ၊ နိုင်ငံတစ်နိုင်ငံအထိ ရည်ရွယ်ချက်ကြီးကြီးနဲ့ လုပ်သွားချင်တယ်။


#မေး- ဒေါက်တာက လာအိုနိုင်ငံမှာ ကျင်းပတဲ့ "The 11th International Conference on Public Health among Greater Mekong Sub-Region Countries (GMS)မှာ Oral Presentation လုပ်ခဲ့တယ်လို့ သိရပါတယ်။ International Conference တွေမှာ Presentation တင်ဖို့ idea လေး ဘယ်လိုရလာတာလဲ။
#ဖြေ- အဓိကအားဖြင့် ဆရာကြီးတွေ ၊ တီချယ် ချိုမာလွင်တို့က ကိုယ့် dissertation ထွက်တော့မယ်ဆိုရင် အဲ့ဒီလို Conference တွေမှာ တင်စေချင်တယ်။ တင်ရုံတင်မကဘူး။ Publication အထိသွားစေချင်တယ်။ ၂၀၁၈တုန်းကကူမင်းမှာလုပ်တဲ့ GMS မှာ ဒေါက်တာဇေယျက abstract ကိုတင်တယ်။ အဲ့ဒီ information ကိုရှဲတော့ဆရာကြီးတို့ကလည်း နောက်လူတွေကို ကိုယ့်ရဲ့ information ကိုတင်လိုက်ပေါ့။ အတွေ့အကြုံရတယ်ဆိုတော့ စံပယ်လည်း ပိုစတာ အနေနဲ့ တင်လိုက်တယ်။ ဒါပေမဲ့ သူတို့ reply လုပ်တော့ Oral Presenter အနေနဲ့ပဲရွေးတယ်။ သူတို့ကို တင်တဲ့ ပိုစတာတွေထဲက Theme နဲ့ပတ်သက်တာကို ရွေးပုံရတယ်။ ဒါပေမဲ့ စံပယ်ကို Oral Presenter အနေနဲ့ ရွေးတာပါ။ အဲဒီတော့ 11 ကြိမ်မြောက်အဲ့ပွဲကိုသွားဖို့ သင့်မသင့် စံပယ်ရဲ့့ Supervisor ဒေါ်ကေသီလွင်ကိုမေးတော့ သူကလည်းအားပေးတယ်။ STI ကလည်း ခွင့်ပြုတယ်။ အဲ့ဒီတော့စံပယ်သွားခဲ့တယ်။

မေး #အဲ့့ဒီပွဲအတွက်ဘာတွေပြင်ဆင်ခဲ့ရလဲ ဘယ်လိုမျိုးအတွေ့အကြုံတွေရောရလဲ။
ဖြေ-# စံပယ် အဆင့်ဆင့်ပြင်ဆင်ပြီး ကိုယ့်ရဲ့ supervisor ကို လည်းပြတယ်။ အဲ့ဒီမှာ အများကြီးဖျက်ချခိုင်းတယ်။ အချိန်မရပါဘူး။ Short to the point ကို အကောင်းဆုံးဘယ်လိုပြမလဲဆိုတာမျိုး အကြံပေးတာ ။တကယ်မှန်ပါတယ်။ ၁ဝမိနစ် Presentation ၅မိနစ် discussion အတွက် စံပယ် ပြင်ဆင်ခဲ့့ပါတယ်။ STI ကကျောင်းကကိုယ့်သူငယ်ချင်းကြီးပဲ (၅) ယောက်ပေါ့ ။ ကိုယ့်အဖွဲ့လေးလိုဖြစ်သွားတယ်။ စံပယ်နဲ့ ဆရာဇေယျက Oral ဒေါက်တာခိုင်သဇင်၊ ဒေါက်တာခင်ဝတ်ရည်လှနဲ့ ဆရာ ကျော်လင်းတို့က ပိုစတာ presentation ပေါ့။ စံပယ် Present လုပ်တဲ့ topic က New born Child Care & Knowledge ပေါ့ ။ မွေးကင်းစကလေးနဲ့ပတ်သက်ပြီး အသိပညာရယ်၊ အတွေ့အကြုံရယ် အမေတွေမှာ ဘယ်လောက်ထိရှိနေဆိုတာကို Survery မှ တွေ့ရှိချက်လေးတွေကို တင်ပြပေးတာပါ ။ လာအို။ ထိုင်းက ပရော်ဖက်ဆာလို ဆရာဝန်ကြီးတွေလည်းတက်တယ်။ WHO နဲ့ ပတ်သက်ပြီး မေးတဲ့ မေးခွန်းတွေကို လည်း စံပယ်ကောင်းကောင်းဖြေဆိုနိုင်ခဲ့ပါတယ်။ .အတွေ့အကြုံတွေကတော့ အများကြီးပါပဲ ။ Parallel Section တွေကည်း အများကြီး ၊ Topic တွေကလည်းအများကြီးဆိုတော့ အကုန်လုံးလိုက်မတက်နိုင်ဘူး။ သူငယ်ချင်းတွေနဲ့ အတူတူ ကိုယ်တက်တဲ့ section တွေကိုပြန်ပြီးမျှဝေကြတယ်။ Main Conference မှာလုပ်တဲ့ Plenary Discussion တော့ တက်ဖြစ်ပါတယ်။ ကျောင်းတွေအားလုံးက ကျောင်းတွေအားလုံးရဲ့ Professor & Head တွေက Public Health နဲ့ပတ်သက်ပြီး Overview , Challenge တွေ အကြောင်း ရှင်းပြတဲ့ .။ သူတို့နိုင်ငံတွေ ဘယ်နားရောက်နေပြီလဲ ၊ ကိုယ်က သူတို့ Module တွေကို ယူသုံးလို့့ရမလားပေါ့ ။ အဲ့ဒါတွေလည်းသိရတယ်။ ပြီးရဲ့ Oral section မှာကိုယ်အပါအဝင်နောက်ထပ် Present လုပ်တဲ့့ငါးယောက် ရဲ့ Presentation ကိုလည်း နားထောင်ဖြစ်ပါတယ်။ Topics တွေ အားလုံး စိတ်ဝင်စားဖို့ ကောင်းပါတယ်။ ပြီးတော့ နိုင်ငံအသီးသီးကတင်ပြတဲ့ ပိုစတာတွေကိုလည်း လိုက်လေ့လာလို့ရပါတယ်။

မေး- Public Health ကို နောက်ထပ် ဘယ်လိုလေ့လာပြီး ဘာတွေလုပ်ချင်သေးလဲ ဒေါက်တာ
ဖြေ- ကျောင်းတက်ချင်တာထက် အွန်လိုင်းကစာတွေကိုဖတ်မယ်။ (၆)လ ၊ (၉) လ သင်တန်းတွေတက်ပြီး ဆက်ကြိုးစားမယ်။ Part time learning ထက်စာရင် distance learning တစ်ခုကိုပဲ တက်မယ်။ အခု face to face learning ပြီးသွားပြီဆိုတော့ part-time learning တစ်ခုကို အဝေးရောက်သင်ဖို့ စိတ်ကူးထားတယ်။ အဲ့ဒီလိုတွေတက်ပြီးမှ international conference လေးတွေ ၊ international short module တွေတက်မယ်။ STI မှာတက်ပြီးချိန်မှာသိရတာ စာတွေရှာတဲ့ နှုန်းတွေ ပိုမြန်လာတယ်။ resource link တွေရလာမယ်။ ကိုယ့်သူငယ်ချင်းတွေနဲ့ အတူ အလုပ်လုပ်ရင်ပဲဖြစြ်ဖစ် ၊ Assignment တင်ရင်ပဲ ဖြစ်ဖြစ်၊ dissertation paper တင်ရင်ပဲဖြစ်ဖြစ် ကျောင်းက သင်ထားတာကို ချက်ချင်း Apply လုပ်ဖြစ်တာပဲလေ။ အလုပ်မှာ စာရေးရတယ်ဆိုရင် reference တက်ရတာ ပိုကောင်းတယ်။ Presentation Skills လေးတွေ အရမ်းကောင်း kလာတယ်လေ။ အဲ့ဒါတွေကတော့ ကောင်းကွက်တွေများတာပေါ့ ။ ဒီ filed ထဲမှာဆက်ပြိးလေ့လာနေမယ်။
Key update တွေလေ့လာမယ်။ တစ်ခုတည်းကိုတော့ သွားချင်တဲ့ ဆန္ဒမရှိဘူး။ Program implementation လည်းလုပ်ချင်တယ်။ research ကိုဇောင်းပေးပြီး လေ့လာမယ်လို့စိတ်ကူးတယ်။

မေး- STI ကိုရောဘာများပြောချင်ပါသလဲ။
ဖြေ- စံပယ်တက်တဲ့ Third Branch တစ်ခုလုံးကိုယ်စား အစစအဆင်ပြေအောင် လုပ်ပေးခဲ့တာတွေ ဆရာဆရာမတွေ အချိန်ပေးပြီး လိုက်ငြိပေးတာတွေ အတွက် ကျေးဇူးတင်ပါတယ်။ စံပယ်ရဲ့ ဆရာတစ်ယောက်ပြောဖူးတာရှိတယ်။ Work study Balance ဆိုတာလေ။ အလုပ်လုပ်ရင်းကျောင်းတက် တဲ့ဘဝက Part time student တွေမှာပဲခံစားလို့ရတာလေ။ အရမ်းပင်ပန်းတယ်။ အဲ့ဒီလိုမျိုး ကိုယ်အလုပ်လုပ်ရင်း ပညာသင်ရတဲ့အခါ ကိုယ်ရွေးချယ်တဲ့ ကျောင်းကလည်း အဆင်ပြေနေမှ ၊ ကိုယ်စိတ်တိုင်းကျ ပံ့ပိုးပေးနေမှ ။ ဒါကြောင့် ကျွန်မ STI ကို ရွေးချယ်ခဲ့မူက မမှားယွင်းခဲ့ဘူး။ အဆင်ပြေခဲ့တယ်။ မှန်ကန်ခဲ့တယ်ပေါ့ ။ စံပယ်ဘဝမှာ Commitment လေးရှိတယ်ပေါ့ ။ ဘယ်အချိန်မှာ မဟာဘွဲ့ရရမယ်။ ဘယ် timeline မှာ ဘယ်ပြီးရမယ်ဆိုတဲ့အပေါ် ကျေနပ်မူရှိအောင် STI ကလည်းတဖက်တလမ်းက ကူညီပေးနိုင်ခဲ့တယ်ပေါ့ ။ အဲ့ဒီအတွက်လည်း ကျေးဇူးတင်ပါတယ်လို့ ပြောချင်ပါတယ် ။