NEWS FEED Of STIMU


  • Home -
  • Internship certificate Awarding Ceremony ကျင်းပခြင်း
research
  • 12.7.2019
Internship certificate Awarding Ceremony ကျင်းပခြင်း
  • By Admin
  • forum
  • 12.7.2019

STI Myanmar University နှင့် University of Bedfordshire (UK) တို့ပူးပေါင်း ဖွင့်လှစ်သော BEng ( Hons) အင်ဂျင်နီယာဘွဲ့သင်တန်းများ ၏ နောက်ဆုံးနှစ် ဂုဏ်ထူးတန်းများကို အောင်မြင်စွာ တက်ရောက် ပညာ ဆည်းပူးကြမည့် Civil နှင့် Architecture ကျောင်းသား/ သူ (၃၃) ဦးသည် မိမိတို့သင်ကြားတတ်မြောက်ခဲ့သော ဘာသာရပ်များကို လုပ်ငန်းခွင်တွင်း လက်တွေ့နှင့် ဆက်စပ်မှု ရှိစေရန် ၊ ကျွမ်းကျင်တတ်မြောက်မှုရှိ စေရန်ရည်ရွယ်၍ ဆောက်လုပ်ရေး ကုမ္ပဏီကြီး များတွင် အလုပ်သင်အဖြစ် ၂၀၁၉ခုနှစ်မေလမှ ဇူလှိုင်လအထိ (၂)လတာ တာဝန်ထမ်းဆောင်စေခဲ့ကြပါသည်။
ယင်းကုမ္ပဏီကြီးများမှာ M.K.T Construction Co.Ltd , Orange home Trading & Construction Ltd , Facility Link , Moe Myint San Family Construction, YCDC, Surbama International Consultants (Myanmar ) Co Ltd, SJ Co.Ltd တို့ဖြစ်ကြပြီး သက်ဆိုင်ရာ ကုမ္ပဏီများ၏ လုပ်ငန်းခွင် အသီးသီးတွင် Internship Program အဖြစ် ၀င်ရောက်လုပ်ကိုင်ခဲ့ကြပါသည်။ ၂၀၁၉ ခုနှစ် ဇူလှိုင် (၁၂)ရက်နေ့ တွင် MICT Park အတွင်းရှိ STIMU Campus တွင် နေ့လည် (၁)နာရီမှ (၂) နာရီအထိ “ Industry Advisory Board Meeting” ကိုပြုလုပ်ခဲ့ရာ တွင် STI Myanmar University ၏ Board of Directors များ ၊Faculty of Engineering မှ ဌာနမှူး များ ၊ ဆရာ/ဆရာမများနှင့်အတူ Industry Advisory Board မှ လုပ်ငန်းရှင်များ ၊ Myanmar Construction Entrepreneurs Association( MCEA) ၏ Advisor ဦးဝင်းဌေး ၊ MCEA ၏ အထွေထွေအတွင်းရေးမှူး၊ M.K.T Construction Co.Ltd ၏ CEO ဦးမျိုးမြင့် ၊ မြန်မာနိုင်ငံအင်ဂျင်နိယာအသင်း ၏ ဒုဥက္ကဌ ဦးခင်မောင်ဌေး တို့မှ Internship ဆင်းသည့် ကျောင်းသား ၊သူများနှင့်ပတ်သက်၍ သုံးသပ် ချက်များ ၊အကြံဥာဏ်များပေး၍ နှစ်ဦးနှစ်ဖက် အပြန်အလှန်ဆွေးနွေးခဲ့ကြပြီး STIမှ ဘွဲ့ရ ကျောင်းသား/သူများ၏ အလုပ်အကိုင်ရရှိမူများကို တင်ပြဆွေးနွေးခဲ့ကြပါသည်။
ဆက်လက်၍ Internship Program ကို ပြီးမြောက်အောင် ၀ိုင်းဝန်းကူညီခဲ့ကြသော Company များကို ကျေးဇူးတင်စကားပြောခြင်းနှင့် စာတွေ့မှ လက်တွေ့သို့ သင်ယူခဲ့ကြသော ကျောင်းသား/သူ များကို Certificated များ ပေးအပ်ချီးမြှင့်ခြင်း အခမ်းအနားကို နေ့လည် (၂)နာရီမှ (၃)နာရီခွဲအထိ ကျင်းပခဲ့ပါ သည်။ ထိုအခမ်းအနားတွင် STI Myanmar University ၏ President ဒေါ်ခင်အေးဝင်းမှ အဖွင့် အမှာစကားပြောကြားခဲ့ပြီး ၊ MCEA ၏ အထွေထွေ အတွင်းရေးမှူး M.K.T Construction Co.Ltd ၏ CEO ဦးမျိုးမြင့် မှ လည်း ယခုအကြိမ်တွင် သတင်းကောင်းအဖြစ် ထူးချွန်သော ကျောင်းသား/သူ အချို့အား မိမိ၏ ကုမ္ပဏီတွင် အလုပ် Offer ကို ကျောင်းမပြီးခင်ကပင် ပေးအပ်ခဲ့ကြောင်းကို ၀မ်းမြောက်စွာ မုဒိတာစကားပြောကြားခဲ့ပါသည်။ ထို့နောက် မြန်မာနိုင်ငံအင်ဂျင်နိယာအသင်း ၏ ဒုဥက္ကဌ ဦးခင်မောင်ဌေး ၊ M.K.T Construction Co.Ltd ၏ CEO ဦးမျိုးမြင့် တို့မှ Intern ကျောင်းသား/သူများကို Certificate များ အသီးသီး ချီးမြှင့်ခဲ့ပါသည်။ ထို့အပြင်STIMU ၏ Civil မေဂျာမှ မမျိုးမြတ်မြတ်စိုး နှင့် Architecture မေဂျာမှ မခိုင်သော်ဇင်က လည်း ကျောင်းသား/သူများ ကိုယ်စား ကျေးဇူးတင်စ ကား များ ပြောကြားခဲ့ပါသည်။ ထို့နောက် STI Myanmar University ၏ Consultant ဆရာမကြီး ဒေါ်လှကြူ မှယခုကဲ့သို့ Internship Progrm များ ပြီးဆုံးသည်အ ထိ ကူညီဆောင်ရွက်ပေးသော ဆောက်လုပ်ရေး ကုမ္ပဏီကြီးများကို ကျေးဇူးတင်စကားနှင့်နောင်တွင်လည်း ရေရှည် ဆက်လက်ပူးပေါင်းဆောင်ရွက်ပေးပါရန် ပြောကြားခဲ့ ပြီး အမှတ်တရ ဓါတ်ပုံများရိုက်ကူးကာ အခမ်းအနားကို အောင်မြင်စွာ ရုတ်သိမ်းခဲ့ကြောင်း သိရှိရပါသည်။

News Feed

  • news

    Industry Visit to HAGL Myanmar Co.Ltd

    လုပ်ငန်းခွင်ဝင်‌ေရာက်ရန် အဆင်သင့်ဖြစ်သည့် အရည်ချင်းပြည့်ဝသူများဖြစ်စေရန်နှင့် စာတွေ့အပြင် လုပ်ငန်းခွင် အတွေ့အကြုံများပါ readmore
  • news

    Industry Visit to 2C2P

    စာတွေ့သာမက လုပ်ငန်းခွင် အတွေ့အကြုံများပါ ရရှိစေရန် STI Myanmar University မှ ဆရာမများနှင့်အတူ Engineering and Business readmore
  • news

    Industry Visit to PEB

    STI Myanmar University Yangon Campus မှ Engineering Major တက်ရောက်နေသောreadmore
  • news

    Industry Visit to Genius

    STIMU မှာ အင်္ဂလန်စီးပွားရေးစီမံခန့်ခွဲမှု ဂုဏ်ထူးတန်းဘွဲ့ကို တက်ရောက်နေကြတဲ့ ကျောင်းသား၊ ကျောင်းသူများအနေနဲ့ အချိန်နဲ့အမျှreadmore

Events

Welcome to STI Myanmar University

STI Myanmar University (STIMU), formerly known as STI Education, was founded in 2006 offering Diploma programs in teacher training, business management and English language. Today, it has grown to be one of the most respected & premier private academic institutions in Myanmar with over 2,500 students across 6 campuses in Yangon and Mandalay offering degree and diploma programs in Business, Finance, Health Science, Education and Engineering. STIMU is proud to be granted the first private education providers license by Myanmar Investment Commission (MIC) under the Ministry of Investment and Foreign Economic Relations in 2018. read more..

Scholarship Facility

Make the right choice : Prestige Myanmar University apply now..

Skilled Lecturers

STI faculty members are diverse with different cultural backgrounds from different parts of Myanmar and the world. read more..

Our Success Stories

most of the great success stories of the our university.read more..