Technical Training and Site Visit Program at Mahidol University

description

၂၀၁၇ ခုနှစ် နိုဝင်ဘာ ၁၀ရက်နေ့မှ ၁၄ရက်နေ့အထိ STI  Myanmar University သည် Engineering ကျောင်းသား၊ ကျောင်းသူ (၃၁ ) ဦးကို Technical Training Program အဖြစ်  ထိုင်းနိုင်ငံ၏ ထိပ်တန်းတက္ကသိုလ်တစ်ခု ဖြစ်သော Mahidol University သို့ စေလွှတ်ခဲ့ပါသည်။ 
                       ထိုင်နိုင်ငံသို့ ရောက်ရှိသည့် ပထမဆုံးရက် နိုဝင်ဘာ(၁၀) ရက်နေ့တွင် Thai Health Promotion Foundation  သို့ သွားရောက်လည်ပတ်ခဲ့ပြီး၊ ထိုနေရာတွင်  Leadership in Energy and Environment Design ( LEED)  က သတ်မှတ်ပေးထားသော သဘာဝပတ်ဝန်ကျင်မှရရှိသော အကျိုးကျေးဇူးများဖြင့် သာ ဖန်တီးတည်ဆောက်ထား သည့်  Green Building Design ကိုလေ့လာခဲ့ပါသည်။ ထိုသို့လေ့လာခြင်းအားဖြင့် ကျောင်းသားများအတွက်  စာသင်ခန်းထဲတွင် သင်ကြားပြီးသော Sustainable  Design ဘာသာရပ်အတွက် စာတွေ့နှင့် နိုင်ငံတကာအဆင့် လက်တွေ့ဘယ်လိုပေါင်းစပ်သင်ယူရမည့် ဆိုသည်များကို လေ့လာနိုင်ပါသည်။
                         ဒုတိယနေ့တွင် Waste water treatment နှင့် Water Supply  System ခေါင်းစဉ်ဖြင့် ရေဆိုးများကို ရေသန့်စင်အောင်မည်ကဲ့သို့ ပြုလုပ်ကြောင်း ၊ သောက်သုံးရေကိုလည်း သန့်စင်အောင် မည်သို့ပြုလုပ်နိုင်ကြောင်း  Mahidol University  မှ ဌာနမှူးကိုယ်တိုင်က သင်ကြားဆွေးနွေးရာ ကျောင်းသား ကျောင်းသားများမှ  သိလိုသည်များကို ပြန်လည်မေးမြန်းဆွေးနွေးခဲ့ ကြပါသည်။  ညနေပိုင်းတွင် ကျယ်ဝန်းလှသော Mahidol University ပရ၀ဏ်အတွင်း tram ကားများဖြင့် လှည့်လည် လေ့လာခဲ့ကြပါသည်။
  တတိယနေ့တွင်  ငလျင်လှုပ်ခြင်းခံရလျှင်  အဆောက်အဦးများ ခံနိုင်ရည်၇ှိအောင် မည်ကဲ့သို့ ဆောက်လုပ်ရမည်ကို သိထားရမည့် အကြောင်းများဖြစ်သည့် Sesmic Design  များအကြောင်းကို ပုံများနှင့် တကွ လေ့လာ ရပါသည်.။ ဆက်လက်၍ ယာဉ်ကြောပိတ်ဆို့ခြင်းကို အထိုက်အလျောက်ကာကွယ်နိုင်ရန် Urban Transportation ခေါင်းစဉ်ဖြင့် ဆွေးနွေးမူများပြုလုပ် ခဲ့ပြီး  ထိုင်းနိုင်ငံ၏ ဘတ်စ်ကားစနစ် များအကြောင်းနှင့် ယာဉ်ကြောပိတ်ခြင်းကို ဖြေရှင်းနိုင်မည့် နည်းလမ်းများကိုလည်း ပြောပြခဲ့ပါသည်.။
 စတုတ္တနေ့တွင်Site Visit အဖြစ် Waste water Treatment Plant နှင့် Metropolitan Water work Mahasawat စသော နေရာများသို့ ကွင်းဆင်းလေ့လာခြင်း၊ Purple Railway line ရှိ မီးရထားလမ်းများကို လေ့လာခြင်း၊ ထို့အပြင်Control အခန်းထဲရှိလုပ်ငန်းကြီးကြပ်သူ ၀န်ထမ်းများနှင့် တွေ့ဆုံခဲ့ပြီး၊ သိလိုသည်များကို မေးမြန်းဆွေးနွေးခွင့်ရခဲ့ပါသည်။
ပဉ္စမမြောက်နေ့ဖြစ်သော နိုဝင်ဘာ ၁၄ရက်နေ့တွင်  ပြင်ပဗဟုသုတအဖြစ် နန်းတော်နှင့် ပြတိုက်များကို လေ့လာခြင်း၊ အမှတ်တရ ဓါတ်ပုံရိုက်ကူးခြင်း၊ အမှတ်တရ ဈေးဝယ်ခြင်းများပြုလုပ်၍ ရန်ကုန်မြို့သို့ ညနေပိုင်းတွင် ပျော်ရွှင်စွာ ပြန်လည်ရောက်ရှိခဲ့ကြောင်း သိရှိရပါသည်။