Internship

Internship ဆိုတာဘာလဲ ၊ Internship program တွေဘာကြောင့် လိုအပ်သလဲ။ STI Myanmar Universityသည် ကျောင်းသားများအား လုပ်ငန်းခွင်အတွင်းသို့ မ၀င်ရောက်ခင် အလုပ်နှင့် ပတ်သတ်သော ဗဟုသုတနှင့် အတွေ့အကြုံများစွာရရှိစေရန်၊ ကာယ၊ ဥာဏ စွမ်းရည်များ ဖွံ့ဖြိုးတိုးတက်လာစေရန် ၊လုပ်ငန်းများကို အသင်းအဖွဲ့နှင့်အတူ လက်တွေ့လေ့လာသင်ယူတတ်စေရန် ရည်ရွည်၍ Intrenship Program များ ကို ကျောင်းသားများအတွက် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက် စီစဉ်ပေးလျက်ရှိပါသည်။ ၂၀၁ရခုနှစ်၊ နိုဝင်ဘာလ၁၅ရက်နေ့ နေ့လည်၁နာရီမှ ၃နာရီအထိ STI Myanmar University Compus တွင် Interpan Finance Company မှ Internship Program Seminar တစ်ခုကို ပြုလုပ်ခဲ့သည်။ Interpan သည် အင်ဒိုနီးရှားအခြေစိုက် ကုမ္ပဏီတစ်ခုဖြစ်ပြီး ကမ္ဘာအရပ်ရပ်တွင် ကုမ္ပဏီပေါင်း (၅၀)ကျော်ဖြင့် အောင်မြင်သော စီးပွားရေးလုပ်ငန်းတစ်ခုဖြစ်ပါသည်။ ထို Seminar တွင် Interpan ကုမ္ပဏီသည် အတွေ့အကြုံ လုံးဝမရှိပဲ လုပ်ငန်းခွင်သို့ ၀င်ရောက်လျှင် မည်သူမဆို အခက်အခဲများ ကြုံတွေ့လာနိုင်သည်ဖြစ်၍ Internship Program များသည် ကျောင်းသားများအတွက် အလွန်အရေးကြီးကြောင်း ၊ Internship ကာလအတွင်းမှာ အရေးအကြီးဆုံးက မိမိကိုယ်ကို ယုံကြည်မူရှိဖို့ နှင့် ယုံကြည်မူမရှိနိုင်ခဲ့လျှင်အတုအယောင် ယုံကြည်မူတစ်ခုကို ကြိုးစားမွေးထုတ်ရမည် ဖြစ်ကြောင်း၊ ထိုအတုမှအစစ်သို့ ဖြစ်လာစေရန် ပြောင်းလဲလာနိုင်မည်ဖြစ်ကြောင်း၊ ပြောခဲ့သည်။ ထို့အပြင် ဒီခေတ်ရေစီကြောင်းထဲ အင်တာနက်၊ ဂိမ်း၊ social Wedsite များနှင့် မျောပါနေတတ်သူ လူငယ်များသည် လုပ်ငန်းခွင်အတွင်း နဖူးတွေ့၊ ဒူးတွေ့အလုပ် လုပ်ကြရမည်ဆိုလျှင် အခက်အခဲ များစွာရှိနိုင်သည်ဖြစ်၍ smart ကျကျနှင့် စီးပွားရေးလုပ်ငန်းကို ကျွမ်းကျင်စွာ လုပ်ဆောင်နိုင်ရန် Intership Program များသည် အလွန်အရေးကြီးကြောင်း ရှင်းပြခဲ့ပါသည်။ Interpan Finace Company ၏ Internship Program သည် နှစ်လခန့် ကြာမြင့် မည်ဖြစ်ပြီး လျှောက်ထားသူများထဲမှ ကျောင်းသား ငါးယောက်ကိုသာ ရွေးချယ်ပြီး ၊ ထိုကျောင်းသားများထဲမှ အထူးချွန်ဆုံးကျောင်းသားတစ်ဦးကိုသာ Interpan တွင်အလုပ်လုပ်ကိုင်ရန် အတွက် ရွေးချယ်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ STI Myanmar University မှ ကျောင်းသားများကလည်း မိမိသိလိုသည်များကို စိတ်ဝင်တစား ပါဝင်ဆွေးနွေးခဲ့ ကြောင်း သိရှိရပါသည်။